Frequently Asked Questions

ရောင်းချသူအမေးအဖြေများ
အထွေထွေ
KyoPay သည် အစိုးရထံတွင် မှတ်ပုံတင်ထားပါသလား?

KyoPay Technologies အမည်ဖြင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများအတွက် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း တစ်ခုအဖြစ် မှတ်ပုံတင်ထားပါသည်။

ဘယ်လိုအလုပ်လုပ်ပါသလဲ?

KyoPay ၏ဝက်ဘ်ဆိုဒ်တွင် invoices များကို တင်ပြီး ရောင်းချလိုသူများအနေဖြင့် ၀န်ဆောင်မှုရယူသူအကြောင်းမှတ်တမ်း (Know Your Customer) ကို စာရင်းသွင်း မှတ်ပုံတင်ခြင်း ပြုလုပ်ရန်အတွက် one-time registration ပြုလုပ်ရပါမည်။ (၄င်း လုပ်ငန်းစဉ်သည် ဘဏ်အကောင့်ဖွင့်ခြင်းဆိုင်ရာလုပ်ငန်းစဉ်နှင့် တူညီနီးစပ်မှုရှိပါသည်)
စာရင်းသွင်း မှတ်ပုံတင်ခြင်း အတည်ပြုပြီးစီးပါက ရောင်းချလိုသူအနေဖြင့် invoice များ ရောင်းချရန်အတွက် KyoPay Platform ကို စတင် အသုံးပြုလို့ရပြီ ဖြစ်ပါသည်။ KyoPay မှ ရောင်းချလိုသော invoice များအတွက် လိုအပ်သော စစ်ဆေးအတည်ပြုခြင်းများကို ဆောင်ရွက်မည် ဖြစ်ပါသည်။ ရောင်းချလိုသော invoice များကို စစ်ဆေးအတည်ပြုပြီးပါက ၄င်း invoice များကို KyoPay ပလက်ဖောင်းတွင် လေလံတင်ရောင်းချကာ ဝယ်ယူသူများမှ အွန်လိုင်းလေလံဖြင့် လေလံဆွဲကြပါမည်။ လေလံတင် ရောင်းချပြီးစီးပါက ရောင်းချသူ၏ invoice နှင့် ပတ်သတ်သည့် ငွေကြေးကို ထုတ်ယူနိုင်ပါမည်။

ကျွန်ုပ်တို့လုပ်ငန်းသည် KyoPay၏ ဝန်ဆောင်မှုနှင့်ကိုက်ညီမှု ရှိမရှိဘယ်လိုသိနိုင်မလဲ?

ရောင်းချသူ၏ ကုမ္ပဏီသည် အောက်ပါအချက်များနှင့် ကိုက်ညီရပါမည်။

  • မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်ရပါမည်။
  • ရောင်းချသူ၏ လုပ်ငန်းသည် စီးပွားရေး/ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သော လုပ်ငန်း (B2B Business) ဖြစ်ရမည်။ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုကို အရင်ပေးရကာ ငွေပေးချေမှုကို လုပ်ငန်းဆောင်ရွက်ပြီးမှသာ ပေးချေသည့် လုပ်ငန်းအမျိုးအစား ဖြစ်ရမည်။
အနည်းဆုံး Invoice တန်ဖိုး မည်မျှကို လက်ခံပါသလဲ?

အနည်းဆုံးတန်ဖိုး မြန်မာကျပ်ငွေ ၁,၀၀၀,၀၀၀ မှ စတင်လက်ခံပါသည်။

လျှော့ဈေးနှုန်းဆိုတာ ဘာလဲ?

လျော့ဈေးနှုန်းသည် ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုအပေါ် ငွေပေးရန်တာဝန်ရှိသူ၏ (Payor) ငွေပေးချေမှု အလေ့အထ (ငွေပေးချေမှုကြာချိန်၊ ငွေပေးချေမှု ပျက်ကွက်မှုနှုန်း) နှင့် ဘဏ္ဍာရေးခိုင်လုံမှုအပေါ်တွင် မူတည်၍ ၄င်း အချက်အလက် ဒေတာများကို ထည့်သွင်း အသုံးပြုကာ တွက်ချက်ထားသော နှုန်းဖြစ်ပါသည်။

ပျမ်းမျှအားဖြင့် ရက် ၃၀ ကြာ သက်တမ်းရှိသော invoice တစ်စောင်အတွက် လျော့ဈေးနှုန်းမှာ ၂% မှ ၅% ကြားတွင်ရှိပါသည်။ ဥပမာ သင့် invoice အား ငွေချေရမည့်ရက်မှာ ရက်ပေါင်း ၆၀ ဖြစ်လျှင် လျော့ဈေးနှုန်းကို ၂ ဖြင့် မြောက်မည်ဖြစ်ပါသည်။

စာရင်းသွင်းခြင်း
ရောင်းချသူအဖြစ် မည်သို့စာရင်းသွင်းရမလဲ?
  • SKyoPay ၏ ဝက်ဘ်ဆိုဒ်တွင် စာရင်းသွင်းပါ <link to platform>
  • အီးမေးလ်လိပ်စာကို စစ်ဆေးအတည်ပြုပါ
  • ၀န်ဆောင်မှုရယူသူအကြောင်းမှတ်တမ်း ‘Know-Your-Customer’ (KYC) အချက်အလက်များကို ဖြည့်သွင်းပါ
  • KyoPay နှင့် KyoPay၏ဝန်ဆောင်မှု အသုံးပြုမှုဆိုင်ရာ နှစ်ဦးသဘောတူညီချက် စာချုပ်ကို ချုပ်ဆိုပါ
  • ရောင်းချသူ၏ အကောင့်အား အတည်ပြုပြီးသည်နှင့် invoices များအား လျှော့ဈေးဖြင့် စတင်ရောင်းချနိုင်ပါပြီ။
KYC အတွက် ဘာတွေလိုအပ်ပါသလဲ?
  • ကိုယ်ရေးအချက်အလက်များ
  • လုပ်ငန်းအချက်အလက်များ
  • နိင်ငံသားမှတ်ပုံတင် 
    • မှတ်ပုံတင်/ပတ်စ်ပို့ မိတ္တူ
    • တာဝန်ရှိသူ၏ မှတ်ပုံတင် သို့မဟုတ် ပတ်စ်ပို့ (ရှိခဲ့လျှင်)
  • ကုမ္ပဏီလိပ်စာသို့ လိပ်မူထားသော အနီးဆုံးရက်ဖြင့်ထုတ်ထားသော  ငွေတောင်းခံလွှာ (အနည်းဆုံးတစ်စောင်)
    • အထွေထွေသုံးဘီလ်များ (လျှပ်စစ်မီး၊ရေ စသည်ဖြင့်)
    • ကုမ္ပဏီ၏ဘဏ်စာအုပ် /ဘဏ်စာရင်းရှင်းတမ်း
  • လုပ်ငန်းစာရွက်စာတမ်းများ
    • ကုမ္ပဏီမှတ်ပုံတင်ကဒ်
    • သင်းဖွဲ့စည်းမျဉ်း
    • သင်းဖွဲ့မှတ်တမ်း
    • ဖောင် 6 , ဖောင် 26
    • KyoPay Platform တွင် အကောင့်ပြုလုပ်ရန်နှင့် invoice များရောင်းချရန် သဘောတူညီကြောင်း ဒါရိုက်တာအဖွဲ့ဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက် (ဒါရိုက်တာများ၏ နိုင်ငံသားမှတ်ပုံတင်အမှတ်များလည်း ဖော်ပြရမည်)
    • *ပို့ကုန်/သွင်းကုန် လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန် လိုင်စင်များ လိုအပ်ပါသည်။

*ဖိုင်များကိုတင်ရာတွင် အများဆုံး 5MB ထက်မပိုသော JPEG,PNG နှင့် PDF ဖိုင်များကိုသာ ခွင့်ပြုပါသည်။

မည်သည့်ဘဏ်များကို လက်ခံပါသလဲ?

ကြိုတင်ငွေသွင်းရန် - မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လိုင်စင် ရရှိထားသော ဘဏ်များအားလုံး
ငွေပြန်ထုတ်ရန် - မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လိုင်စင် ရရှိထားသော ဘဏ်များအားလုံး

**ရောင်းချသူမှရွေးချယ်သော ဘဏ်အပေါ်မူတည်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်ခများ ကျသင့်နိုင်ပါသည်။

လုပ်ငန်းစဉ်
ကျွန်ုပ် invoice ၏ မည်သည့်ပမာဏကို ရောင်းချနိုင်သလဲ?

ပေးရန်ရှိသော အခွန်အခများကိုနှုတ်ပြီး  invoice တန်ဖိုး ၏ ၁၀၀% ကို ရောင်းချနိုင်ပါသည်။ (ကုန်သွယ်ခွန်၊ ပင်ရင်းမှနုတ်ယူ ပေးသွင်းသည့်ဝင်ငွေခွန် စသဖြင့်) Invoice ၏ မူလတန်ဖိုးအပေါ်တွင်သာ အရောင်းအ၀ယ်ပြုလုပ်ခြင်း ဖြစ်သဖြင့် ရောင်းချသူ၏ client ထံမှကောက်ယူရရှိသော အခွန်ခများကို ကောက်ယူသည့်နေ့တွင် ရောင်းချသူထံသို့ ပြန်လည်ငွေလွှဲပေးမည် ဖြစ်ပါသည်။

ရောင်းချသူနှင့် ငွေပေးရန်တာဝန်ရှိသူတို့ အကြားဝန်ဆောင်မှု ဆောင်ရွက်ခြင်းတို့နှင့် သက်ဆိုင်သည့် အခွန်အခကိစ္စ အ၀၀ကို ပေးချေဆောင်ရန် ရောင်းချသူတွင်သာ တာဝန်ရှိပါသည်။

ကျွန်ုပ်၏ invoice ကို တင်ပြီး မည်သည့်အချိန်တွင် စတင်ရောင်းချပေးပါသလဲ?

Invoice ကို စစ်ဆေးပြီး အတည်ပြုသည့် ကာလမှာ ၂၄နာရီခန့် (ရုံးဖွင့်ရက်များအတွင်းသာ) ကြာမြင့်ပါသည်။ အတည်ပြုပြီးသောအခါ လေလံအတွက် အချိန်ဇယားဆွဲရန် အနည်းဆုံး အချိန် ၁ရက် ယူပါသည်။ လေလံနိုင်သော ဝယ်သူထံသို့ invoice ပေးအပ်ပြီးသောအခါ ရောင်းချသူ၏ အွန်လိုင်းပိုက်ဆံအိတ်ထဲသို့ ရောင်းရငွေကို အလိုအလျောက်လွှဲအပ်ပေးမည်ဖြစ်ပြီး ရောင်းချသူမှ ငွေထုတ်ယူ နိုင်ပါသည်။

လျှော့ဈေးကို ဘယ်လိုတွက်ချက်ပါသလဲ?

ရောင်းချသူ၏ ငွေပေးချေမည့် client တို့၏ ဘဏ္ဍာရေးခိုင်လုံမှုနှင့် ငွေပေးချေမှု အလေ့အထကို စစ်ဆေးရန်အတွက် client စာရင်းကို KyoPayအား  ပေးအပ်ရန်လိုအပ်ပါသည်။ ၎င်းတို့ ကုမ္ပဏီ၏ နောက်ကြောင်းရာဇဝင်များကို စစ်ဆေးမည်ဖြစ်ပြီး ငွေပေးချေမည့် ကုမ္ပဏီ ၏ (၁) ငွေကြေးခိုင်မာမှု (၂) ငွေပေးချေမှုမှတ်တမ်း - အမှန်တကယ် ငွေပေးချေရန် ကြာချိန် (၃) ရောင်းချသူ၏ invoice ပမာဏ တို့ အပေါ်တွင် မူတည်၍ ကနဦးလျှော့ဈေးကို တွက်ချက်ပါသည်။  ရောင်းချသူ ၏ client သည် ဘဏ္ဍာရေး ခိုင်မာမှုရှိလေ လျှော့ဈေးနှုန်းနည်းလေ ဖြစ်သည်။ အကယ်၍  ငွေပေးချေသူမှ ပေးရန်သတ်မှတ်ထားသည့်ရက်မှ ရက်၃၀  ကျော်လွန်၍ ပေးသည်ဖြစ်လျှင် Invoice ငွေချေမှုရက်အပေါ်တွင် ရက်၃၀ ထပ်ပေါင်းထည့်မည်ဖြစ်သည်။  အထက်ဖော်ပြပါ အချက်အလက်များအပေါ်မူတည်ပြီး  သင်ရောင်းချလိုသော invoice ကနဦးလျော့ဈေး တွက်ချက်ခြင်း ဖြစ်ပါသည်။

လျှော့ဈေးများကို ပုံသေသတ်မှတ်ထားသလား?

KyoPay System မှ ကနဦးလျှော့ဈေးပမာဏကိုသာ တွက်ချက်ပေးပြီး လေလံချိန်တွင် invoice ဝယ်ယူသူများမှ ထိုလျှော့ဈေးကို လျှော့ချနိုင်ပါသည်။ ဥပမာ ၅%လျှော့ဈေးနှင့် စတင်သည်ဖြစ်လျှင် ဝယ်သူများအပြိုင်အဆိုင် လေလံဆွဲခြင်းဖြင့် ၄%,  ၃% စသည်ဖြင့် လျှော့ဈေးနှုန်း ကျဆင်းနိုင်ပါသည်။

အခြားဝန်ဆောင်ခများ ရှိပါသလား?

Invoice Discounting နှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ပေးခြင်းတို့အတွက် invoice ရောင်းချရပြီးချိန်တွင် KyoPay မှ ၀န်ဆောင်ခအဖြစ် ထိုinvoice တန်ဖိုး၏ ၂% ကို invoice ရောင်းရငွေအပေါ်တွင် နှုတ်ယူမည် ဖြစ်ပါသည်။  ထို့အပြင် သက်ဆိုင်ရာ အခြားအခွန်အများ ရှိလျှင် ကောက်ခံပါသည်။

Invoice များကို မည်သို့စစ်ဆေးပါသလဲ?

Invoice များကို အောက်ဖော်ပြပါ အချက် ၃ချက်နှင့် တိုက်ဆိုင်စစ်ဆေးပါသည်။
၁။     ရောင်းချသူ၏ Client ထံသို့ ဖုန်းခေါ်ဆိုခြင်း (သို့) အီးမေးလ်ပို့ခြင်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းပါသည်
၂။     ရောင်းချသူ၏ Client ထံသို့ ရောင်းချသူမှ invoice များနှင့် ပတ်သက်သော အချက်အလက်များ ကို အီးမေလ်းပို့ အတည်ပြုရာတွင် ၄င်း အီးမေလ်းအသွားအလာများတွင် ကျွန်ုပ်တို့ထံ တဆင့် (CC) ခံပြီးပို့ရပါမည်။
၃။     Invoice ရောင်းချသူမှ ၄င်းတို့၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် လိုအပ်သော စာရွက်စာတမ်းများ (က) ၎င်း၏ ငွေပေးချေသူ နှင့် ချုပ်ဆိုထားသော စာချုပ် (ခ) ၎င်း၏ ငွေပေးချေသူထံမှ အတည်ပြုပေးထားသော Invoice မိတ္တူ (ဂ) client မှဝယ်ယူထားသော ပြေစာ (ဃ) ဝန်ဆောင်မှု/ကုန်ပစ္စည်းများ ပြည့်စုံပြီးစီးဆောင်ရွက်ပြီးဖြစ်ကြောင်း သင့် client ထံမှ အထောက်အထား တစ်စုံတရာ စသည်တို့ကို KyoPay အား အထောက်အထားပြရန် လိုအပ်ပါသည်။

သင့် client ထံသို့ KyoPay မှ မည်သည်တို့ကို မေးမြန်းပါသလဲ?

သင့် client ထံသို့ invoice နှင့် ပတ်သတ်သော အချက်အလက်များကို      နောက်တကြိမ်ပို့ပြီး အောက်ပါတို့ကို စစ်ဆေးစေပါသည်။ 
(က) Invoice တန်ဖိုး
(ခ) ပေးဆောင်ရမည့် အခွန်အခများ
(ဂ) ကောက်ခံမည့် နေ့ရက်

Invoice ရောင်းချခြင်းအတွက် တရားဥပဒေဆိုင်ရာ လုပ်ထုံး၊လုပ်ငန်းစဉ်များ ပါဝင်ပါသလား?

ရောင်းချသူအနေဖြင့် Invoice အားရောင်းချပြီးသည့်အခါ invoice ကို ဝယ်ယူသူ ထံသို့ (“ရောင်းချခြင်းဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်တကွ) တရားဝင် လွှဲအပ်လိုက်ခြင်း ဖြစ်ပါသည်။  ထို့ကြောင့် ငွေပေးချေမှု နောက်ကျခြင်းနှင့် ပတ်သတ်သည့် risk ကိုလည်း လွှဲပြောင်းပြီးဖြစ်ပါသည်။ အကယ်၍ ရောင်းချသူ၏ client မှ သတ်မှတ်ရက်ထက် ငွေပေးချေမှု နောက်ကျခြင်းများ ရှိလာသည့်အခါတွင်လည်း invoice ဝယ်ယူသူမှ ကိုယ်တိုင်ဆက်သွယ် ကောက်ခံခွင့်ရှိပါသည်။

Invoice ရောင်းချငွေကို ဘယ်လိုပြန်ထုတ်ရမလဲ?

သင့်အကောင့်ကိုဝင်ပါ
ဘေးဘက်ရှိဘားတန်းတွင် “Withdraw” ကိုနှိပ်ပါ။
လိုအပ်သောအချက်အလက်များ ဖြည့်စွက်ပါ။
“Continue” ကိုနှိပ်ပါ။
ငွေထုတ်မှုအောင်မြင်ကြောင်း အတည်ပြုစာတန်းပေါ်လာသည်အထိ စောင့်ဆိုင်းပါ။

*တစ်ကြိမ်လျှင် အများဆုံးငွေပြန်ထုတ်နိုင်သည့် ပမာဏမှာ ၁၀၀,၀၀၀,၀၀၀ကျပ် ဖြစ်ပါသည်။ ၁၀၀,၀၀၀,၀၀၀ကျပ်ထပ်ပိုသော ငွေထုတ်မှုအတွက် နောက်တကြိမ်ထပ်မံ ထုတ်နိုင်ပါသည်။

ငွေပြန်ထုတ်ချိန် မည်မျှကြာမြင့်နိုင်သလဲ?

ရောင်းချသူ၏ အွန်လိုင်းပိုက်ဆံအိတ် (E-wallet) အတွင်းမှ ရောင်းချသူ၏ ကုမ္ပဏီအကောင့်သို့ ငွေပြန်လွှဲရာတွင် အသုံးပြုသည့် ဘဏ်အပေါ်မူတည်၍  ငွေပြန်လည်ရရှိနိုင်မည့်အချိန်မှာ ၁ရက်မှ ၃ရက် (ရုံးဖွင့်ရက်) အထိ ကြာမြင့်နိုင်ပါသည်။

Invoice မရောင်းရလျှင် မည်သို့ဆက်လက်လုပ်ဆောင်ရမလဲ?

ရောင်းချသူ၏ invoice သည် တစ်ကြိမ်တည်းနှင့် ရောင်းမထွက်ခဲ့သော်  နောက်လေလံချိန်တွင် ထပ်မံရောင်းချရန် စီစဉ်နိုင်ပါသည်။ သို့မဟုတ် ရောင်းချသူ၏ invoice ကို ပလက်ဖောင်းမှ ပြန်လည်ထုတ်ယူနိုင်ပါသည်။ သို့မဟုတ် ရောင်းချသူ၏ client နှင့် သဘောတူညီချက်အတိုင်း နဂိုမူလငွေပေးချေမှုအတိုင်း လုပ်ဆောင်နိုင်ပါသည်။

Invoice တစ်ခုရောင်းချနေစဉ် နောက်ထပ် invoice များကို ရောင်းချနိုင်ပါသလား?

Invoice စုစုပေါင်းရောင်းချမှုတန်ဖိုးသည် သတ်မှတ်ထားသော ပမာဏတခုအတွင်း ရှိနေသ၍ ရောင်းချသူအနေနှင့် နောက်ထပ် invoice များ ရောင်းချနိုင်မည်ဖြစ်သည်။

KyoPay Platform မှ မည်သည့် ငွေကြေးအမျိုးအစားကို လက်ခံပါသနည်း?

ယခုလက်ရှိတွင် KyoPay မှ မြန်မာကျပ်ငွေ (MMK) တစ်ခုတည်းကိုသာ လက်ခံပါသည်။ အကယ်၍ ရောင်းချသူ၏ Invoice တန်ဖိုးသည် USD Currency နှင့် တွက်ထားပါက KyoPay မှ ၄င်း Invoice တန်ဖိုးကို ရောင်းချသူအနေဖြင့် ကြိုပေး ပလက်ဖောင်းတွင် လာရောက်ရောင်းချသည့်နေ့တွင်ရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေကြေးလဲလှယ်မှု နှုန်းထားအတိုင်း တွက်ချက်ကာ Invoice တန်ဖိုးကို မြန်မာကျပ်ငွေနှင့် ပြောင်းလဲပေးပါမည်။ Invoice ရောင်းချသူဘက်မှအဆိုပါ ငွေကြေးလဲလှယ်မှုနှုန်းထားကို လက်ခံသည် နှင့် တစ်ပြိုင်နက် KyoPay Platform ပေါ်တွင် မြန်မာကျပ်ငွေ နှင့်တွက်ချက်ထားသော Invoice ကို တင်နိုင်ပြီဖြစ်ပါသည်။ အလားတူပင် သင့် Invoice ရောင်းချခြင်းအတွက် ငွေပေးချေခြင်းကိုလည်း ၀ယ်ယူသူဘက်မှ မြန်မာကျပ်ငွေဖြင့်သာ ပေးချေမည်ဖြစ်ပါသည်။

သင့် Client ထံမှ ငွေပေးချေမှုကို USD ဖြင့် ရရှိသည့်အခါ KyoPay မှ အဆိုပါ ငွေကောက်ခံရရှိသည့်နေ့ရက်တွင်ရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးလဲလှယ်မှု နှုန်းထားအတိုင်း Invoice တန်ဖိုးကို ကျပ်ငွေကို ပြန်လည်ပြောင်းလဲပေးမည်ဖြစ်သည်။

ငွေကြေးလဲလှယ်မှုနှုန်းထားပြောင်းလဲခြင်းကြောင့် ကွာခြားချက်အနည်းအများ ရှိပါက ၄င်းကွာခြားချက်ကို ရောင်းချသူဘက်မှ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

ငွေပေးချေမှုနှင့် ငွေကောက်ခံမှု
KyoPay ၏ ပလက်ဖောင်းတွင် ရောင်းချလိုက်သော invoice ၏ ငွေကောက်ခံခြင်းကို client ထံမှ မည်သူကကောက်ခံ သလဲ?

KyoPay မှ invoice ဝယ်သူကိုယ်စား ကောက်ခံပေးပါသည်။

KyoPay အဖွဲ့သားများမှ ရောင်းချသူ၏ ခွင့်ပြုချက်ဖြင့် client ထံသို့ ရောင်းချသူကိုယ်စား ဆက်သွယ်ကောက်ခံပေးပါသည်။ ရောင်းချသူ၏ invoice နှင့်တကွ invoice နှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့် နှင့် အကျိုးခံစားခွင့်များကို invoice ဝယ်သူထံလွှဲအပ်ထားပြီး ဖြစ်သဖြင့် ငွေပေးချေမှုနောက်ကျပါကလည်း ဝယ်သူဘက်မှသာ ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်မည်ဖြစ်သည်။ ရောင်းချသူ၏ client ထံမှ  ငွေပမာဏအကုန် ကောက်ခံပြီးသောအခါ ကျွန်ုတို့မှ ရောင်းချသူ၏ client မှ ပေးဆောင်သော အခွန်ပမာဏကို ရောင်းချသူထံ လွှဲပေးမည် ဖြစ်ပြီး invoice ၏ မူလတန်ဖိုးကိုသာ ယူဆောင်ထားမည်ဖြစ်သည်။ အကယ်၍ USD ဖြင့်ပေးခြင်း ဖြစ်လျှင် ငွေလဲနှုန်းအရ ငွေကွာဟမှုကို ပြန်လည်ညှိနှိုင်းပေးမည် ဖြစ်ပါသည်။

  •  ငွေသားကောက်ခံခြင်းအတွက် ရောင်းချသူထံမှသာ KyoPay အား ရောင်းချသူ ကိုယ်စားကောက်ခံခွင့် ပြုကြောင်း ခွင့်ပြုမိန့်စာလိုပါသည်။
  • ရောင်းချသူ၏ client မှ ငွေပေးချေမှုကို ရောင်းချသူ၏ ဘဏ်အကောင့်ထဲကို တိုက်ရိုက်လွှဲသည်ဖြစ်လျှင် ရောင်းချသူဘက်မှ ထိုငွေကို ၂၄နာရီအတွင်း သတ်မှတ်ထားသောအကောင့်သို့ ချက်ချင်းပြန်လွှဲပေးရမည် ဖြစ်ပါသည်။ ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးသတ်မှတ်ခံရမည်ဖြစ်သည်။
  • ချက်လက်မှတ် (သို့) ငွေသားဖြင့် ကောက်ခံသည့်အခါ ရောင်းချသူထံမှ အခွင့်အာဏာလွှဲအပ်ခြင်း စာရွက်စာတမ်းလိုအပ်ပြီး ငွေပေးချေသူ၏ ချက်လက်မှတ်တွင် ရောင်းချသူအကောင့်ကိုသာ ဖော်ပြထားပါက ရောင်းချသူမှ KyoPay ၏ သတ်မှတ်ထားသော အကောင့်သို့ လိပ်မူပေးရပါမည်။
ကျွန်ုပ်၏ client မှ invoice အတွက်ငွေချေမှု ပျက်ကွက်ခဲ့လျှင်မည်သို့ ဆောင်ရွက်ရမလဲ?

KyoPay မှ Client ၏၏ ငွေပေးချေမှု နှောင့်နှေးခြင်း၊ ပျက်ကွက်ခြင်းများနှင့် ပတ်သက်သော မှတ်တမ်းများ ရရယူထားပါသည်။ ယခင်လုပ်ငန်းစဉ်များတွင် ဖြစ်ပေါ်ခဲ့သော ငွေပေးချေမှု ကာလကို မူတည်ပြီး ငွေကောက်ခံရရှိနိုင်မည့် ကာလ (ငွေပေးချေရန်အတွက် ညှိနှိုင်းသတ်မှတ်ရက်) ကို KyoPay မှသတ်မှတ်ပေးပါသည်။ ရောင်းချသူ၏ client သည်  ငွေချေရန် သတ်မှတ်ထားသောရက်ထက် ၃၀ရက်နောက်ကျပြီးမှ ငွေချေလေ့ရှိလျှင် ရောင်းချသူ၏ invoice ငွေချေရန်ရက်ကို ရက်၃၀ထပ်မံပေါင်းထည့်ပါမည်။ ထိုရက်သည်  ငွေပေးချေရန်အတွက် ညှိနှိုင်းသတ်မှတ်ရက် ဖြစ်ပါသည်။

ငွေပေးချေရန် ညှိနှိုင်းပေးထားသော ကာလအတွင်း ကျွန်ုပ်၏ client မှ ပေးချေရန် ပျက်ကွက်ခဲ့လျှင် မည်သို့ ဆောင်ရွက်ရမလဲ?

ရောင်းချသူအနေဖြင့် invoice ကိုရောင်းချလိုက်ခြင်းသည် ဖြစ်ပေါ်လာနိုင်သည့်  ငွေပေးချေမှု နှောင့်နှေးနိုင်ခြင်း၊ပျက်ကွက်နိုင်ခြင်းများကိုပါ ဝယ်ယူသူထံ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ပါသည်။ ၄င်း invoice ကို  ဝယ်ယူသူမှသာ  ငွေကောက်ခံရန်တာဝန်ရှိပါသည်။ သို့သော် ရောင်းချသူအနေဖြင့် ၄င်း၏ client ထံမှ ငွေကောက်ခံရာတွင် အကူအညီလိုအပ်ခဲ့လျှင် ပေးရမည်ဖြစ်ပါသည်။

ငွေပေးချေရမည့်သူထံမှ မည်သည့်နည်းဖြင့် ငွေကောက်ခံပါသလဲ?

KyoPay သည် Client ထံမှ ငွေကောက်ခံရာတွင် အဆင်ပြေမှုရှိစေရန်အတွက်  ရောင်းချသူ၏အတွက် ငွေကောက်ခံပေးသော ကြားခံအေဂျင်စီတစ်ခုအဖြစ်  ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့မှ ပေးချေရမည့်နေ့မတိုင်ခင် ငါးရက်တွင် ကြိုတင်အကြောင်းကြားပေးပါသည်။ ရောင်းချသူ၏ client ထံမှ ငွေကိုမရမချင်း နေ့စဉ် သတိပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝယ်သူများနှင့် client များအကြား ခိုင်မာယုံကြည်ရသော စီးပွားရေးဆက်သွယ်မှုဖြစ်အောင် ဆောင်ရွက်ပေးရန်မှာ KyoPay ၏တာဝန်ဖြစ်ပါသည်။

ကျွန်ုပ်၏ invoice ကို မည်သို့သော ဝယ်သူတွေက ဝယ်ယူနိုင်သလဲ?

invoice ကို    ဝယ်ယူသူများမှာ တစ်ဦးချင်း (သို့) အဖွဲ့အစည်းလိုက် ရင်းနှီးမြှပ်နှံလိုသူများ ဖြစ်ပါသည်။

ကျွန်ုပ်၏ invoice ကို ရောင်းချလိုက်ကြောင်း ကျွန်ုပ်၏ client မှ သိနိုင်ပါသလား?

ကျွန်ုပ်တို့မှ ရောင်းချသူ၏ invoice ကိုအတည်ပြုစဉ်ကာလတွင် ၄င်း၏ client ကို အသိပေးပြီး ဆောင်ရွက်မည် ဖြစ်သောကြောင့် ၄င်း invoice ရောင်းချမှုကိုလည်း  ရောင်းချသူ၏ client မှ သိရှိနိုင်ပေမည်ဖြစ်ပါသည်။

အခြား မေးမြန်းလိုသည်များအတွက် KyoPay ကိုမည်သို့ ဆက်သွယ်ရမလဲ?

မေးမြန်းစုံစမ်းလိုသည်များအတွက် info@kyopay.co သို့ဆက်သွယ်မေးမြန်းနိုင်ပြီး သင့်ထံသို့ တစ်နာရီအတွင်း (ရန်ကနု အချိန် - ရုံးဖွင့်ရက် မနက် ၉နာရီမှ ညနေ၆နာရီအတွင်း) ပြန်လည် ဆက်သွယ်ပေးပါမည်။

ဝယ်ယူသူအမေးအဖြေများ
အထွေထွေ
KyoPay သည် အစိုးရထံတွင် မှတ်ပုံတင်ထားပါသလား?

KyoPay Technologies အမည်ဖြင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများအတွက် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် မှတ်ပုံတင်ထားပါသည်။

ဘယ်လိုအလုပ်လုပ်ပါသလဲ?

KyoPay ၏ဝက်ဘ်ဆိုဒ်တွင် invoices များကို ၀ယ်ယူလိုသူများအနေဖြင့် ၀န်ဆောင်မှုရယူသူအကြောင်းမှတ်တမ်း (Know Your Customer) ကို စာရင်းသွင်း မှတ်ပုံတင်ခြင်း ပြုလုပ်ရန်အတွက် one-time registration ပြုလုပ်ရပါမည်။ (၄င်း လုပ်ငန်းစဉ်သည် ဘဏ်အကောင့်ဖွင့်ခြင်းဆိုင်ရာလုပ်ငန်းစဉ်နှင့် တူညီနီးစပ်မှုရှိပါသည်) Seller များမှ ရောင်းချလိုသော Invoice များအတွက် KyoPay မှ လိုအပ်သော စစ်ဆေးအတည်ပြုခြင်းများကို ဆောင်ရွက်မည် ဖြစ်ပါသည်။ ပြီးနောက် တစ်နေ့စာအတွက် invoice ကို လေလံတင်ပြီး လေလံဆွဲနိုင်မည့်အချိန်ကို အချိန်ဇယားရေးဆွဲပေးပါမည်။ လေလံချိန်ပြီးဆုံးသည့်အခါ အများဆုံးတန်ဖိုးဖြင့် အဆိုပြုသူမှ invoice ကိုအနိုင်ရမည်ဖြစ်ပါသည်။

KyoPay တွင်ဝယ်ယူသူဖြစ်ရန် မည်သည့်သတ်မှတ်ချက်များ ရှိပါသလဲ?
  • တစ်ဦးချင်းစီအတွက်
    • အနည်းဆုံး အသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရမည်။ မြန်မာနိုင်ငံရှိ ဘဏ်များတွင် ဘဏ်အကောင့် ဖွင့်လှစ်ထားရှိသော မြန်မာနိုင်ငံသား နှင့် မည်သည့်နိုင်ငံခြားသားမဆို KyoPay ၀န်ဆောင်မှုကို အသုံးပြုလို့ရပါသည်။ 
  • အဖွဲ့အစည်းလုပ်ငန်းများအတွက်
    • မြန်မာနိုင်ငံတွင် ဘဏ်အကောင့်ဖွင့်လှစ်ထားရှိသော မည်သည့် နိုင်ငံသားနှင့် နိုင်ငံခြားသားပိုင် ဘဏ္ဍာရေးလုပ်ငန်း၊ စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကိုမဆို လက်ခံပါသည်။
ငွေပေးချေသူများကို KyoPay မှမည်သို့ ဆုံးဖြတ်သတ်မှတ်ပါသလဲ?

Invoice ရောင်းချသူများနှင့် လုပ်ငန်းပတ်သက်လုပ်ဆောင်လျက်ရှိသော ငွေပေးချေသူများကို ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေ၊ ငွေပေးချေသူများ၏ ဂုဏ်သတင်းများ၊ ရောင်းချသူနှင့် ငွေပေးသူတို့အကြား ငွေပေးချေရန် ပျက်ကွက်မှု နှင့် ငွေပေးချေရန် နှောင့်နှေးမှု ကာလ အစရှိသည့်တို့ အပေါ်မူတည်ပြီး တွက်ချက်ဆုံးဖြတ်ပါသည်။

KyoPay Platform အသုံးပြုရန်လျှောက်ထားခြင်း
ဝယ်ယူသူအဖြစ် မည်သို့မှတ်ပုံတင်နိုင်ပါသလဲ?
  • KyoPay ၏ ဝက်ဘ်ဆိုဒ်တွင် စာရင်းသွင်းပါ။ <link to platform>
  • ဝယ်ယူသူမှ အီးမေးလ်လိပ်စာကို စစ်ဆေးအတည်ပြုပါ။
  • ၀န်ဆောင်မှုရယူသူအကြောင်းမှတ်တမ်း ‘Know-Your-Customer’ (KYC) အချက်အလက်များကို ဖြည့်သွင်းပါ
  • ငွေကြေးခ၀ါချမှု ကာကွယ်ခြင်းဆိုင်ရာများနှင့် ပတ်သက်သော မေးခွန်းအချက်အလက်များကို ဖြည့်စွက်ပါ။
  • KyoPay နှင့် ဝန်ဆောင်မှုအသုံးပြုမှုဆိုင်ရာ နှစ်ဦးသဘောတူညီချက်စာချုပ်ကို ချုပ်ဆိုပါ။
  • သင့်အကောင့်အား KyoPay မှ အတည်ပြုပြီးသည်နှင့် invoices များ စတင်ဝယ်ယူနိုင်ပါပြီ။
ကြိုသွင်းနိုင်သောငွေပမာဏကို အနည်းဆုံးမည်မျှသတ်မှတ်ထားပါသလဲ?

လက်ရှိအချိန်တွင် ကြိုတင်ပေးငွေအနည်းဆုံးပမာဏကို မသတ်မှတ်ထားသေးပါ။  invoice  လေလံတင်မည့် အချိန်မတိုင်ခင် ကြိုတင်ငွေကိုပေးသွင်းနိုင်ပါသည်။ ပုံမှန်အားဖြင့် လေလံမစတင်ခင် တစ်ရက်တွင် ဝယ်ယူသူများ ကြိုတင်ငွေပေးသွင်းချိန်အဖြစ် ခွင့်ပြုထားပါသည်။

  • ကြိုတင်သွင်းငွေလုပ်ငန်းစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
Check Deposit 
Bank Transfer 
Cash Deposit 

အကောင့်အမည်: ---
အကောင့်နံပါတ်: ---

  • သင်၏ dashboard မှ “ကြိုတင်ငွေပေးသွင်းရန်” မီနူးကိုနှိပ်ပါ။ 
    “ငွေထည့်ရန်” နေရာတွင် ငွေသွင်းခြင်းဆိုင်ရာ အသေးစိတ်အကြာင်းအရာများကိုဖြည့်ပြီး KyoPay မှ အတည်ပြုစစ်ဆေးနိုင်ရန်အတွက် ကြိုတင်ငွေသွင်းစလစ်ကို plaformတွင် တင်ရမည် ဖြစ်ပါသည်။

*ကြိုတင်ငွေသွင်းစလစ်ပုံကိုတင်ရာတွင် အများဆုံး 1MB ထက်မပိုသော JPEG နှင့် PNG  ဖိုင်များကိုသာ ခွင့်ပြုပါသည်။

  • သင်၏အချက်အလက်များကို KyoPay မှ စစ်ဆေးအတည်ပြုပြီးနောက် သင်၏ အွန်လိုင်းပိုက်ဆံအိတ်အတွင်းသို့ ငွေဝင်သွားပါမည်။ သင်၏ ကြိုသွင်းငွေကို အတည်ပြုကြောင်း အီးမေးလ်လည်းရရှိပါမည်။
KYC အတွက် မည်သည်တို့လိုအပ်သနည်း?

အဖွဲ့အစည်းလုပ်ငန်းများအတွက်

  • ကိုယ်ရေးအချက်အလက်များ
  • လုပ်ငန်းအချက်အလက်များ
  • သက်သေခံလတ်မှတ်
    • မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ
    • တာဝန်ရှိသူ၏ မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ(ရှိခဲ့လျှင်)
  • ကုမ္ပဏီလိပ်စာသို့ လိပ်မူထားသော အနီးဆုံးရက်ဖြင့် ထုတ်ထားသော  ငွေတောင်းခံလွှာ (အနည်းဆုံးတစ်စောင်)
    • အထွေထွေသုံးဘီလ်များ (လျှပ်စစ်မီး၊ရေ စသည်ဖြင့်)
    • ကုမ္ပဏီ၏ဘဏ်စာအုပ်မိတ္တူ /ဘဏ်စာရင်းရှင်းတမ်း
  • လုပ်ငန်းစာရွက်စာတမ်းများ
    • ကုမ္ပဏီမှတ်ပုံတင်ကဒ်
    • သင်းဖွဲ့စည်းမျဉ်း
    • သင်းဖွဲ့မှတ်တမ်း
    • Form 6, Form 26
    • KyoPay Platform တွင် အကောင့်ပြုလုပ်ရန်နှင့် invoice များ ဝယ်ယူရန် သဘောတူညီကြောင်း BOD ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးမှတ်တမ်း (အစည်းအဝေး တက်ရောက်သူ ဒါရိုက်တာများ၏ နိုင်ငံသားမှတ်ပုံတင်အမှတ်များလည်း ဖော်ပြရမည်)
    • *ပို့ကုန်/သွင်းကုန် လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန် လိုင်စင်များ လိုအပ်ပါသည်။

*ဖိုင်များကိုတင်ရာတွင် အများဆုံး 5MB ထက်မပိုသော JPEG,PNG နှင့် PDF ဖိုင်များကိုသာ ခွင့်ပြုပါသည်။

တစ်ဦးချင်းဝယ်ယူသူ

  • ကိုယ်ရေးအချက်အလက်များ
  • သက်သေခံလတ်မှတ်
    • မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ
    • တာဝန်ရှိသူ၏ မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ (ရှိခဲ့လျှင်)
  • လက်ရှိနေထိုင်သောလိပ်စာကို လိပ်မူထားသော အနီးဆုံးရက်ဖြင့် ထုတ်ထားသော ငွေတောင်းခံလွှာ (အနည်းဆုံးတစ်စောင်)
    • အထွေထွေသုံးဘီလ်များ (လျှပ်စစ်မီး၊ရေ စသည်ဖြင့်)
    • ဘဏ်စာအုပ်မိတ္တူ /ဘဏ်စာရင်းရှင်းတမ်း

*ဖိုင်များကိုတင်ရာတွင် အများဆုံး 5MB ထက်မပိုသော JPEG,PNG နှင့် PDF ဖိုင်များကိုသာ  ခွင့်ပြုပါသည်။

မည်သည့်ဘဏ်များကို လက်ခံပါသလဲ?

ကြိုတင်ငွေသွင်းရန် - မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လိုင်စင် ရရှိထားသော ဘဏ်များအားလုံး
ငွေပြန်ထုတ်ရန် - မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လိုင်စင် ရရှိထားသော ဘဏ်များအားလုံး

(သင်ရွေးချယ်သော ဘဏ်အပေါ်မူတည်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်ခများ ကျသင့်နိုင်ပါသည်။)

Invoice များ ဝယ်ယူခြင်း
ဘယ်လိုစတင်ဝယ်ယူနိုင်ပါသလဲ?
  • ပထမဦးစွာ သင့်အကောင့်သို့ log in ဝင်ပါ။
  • သင်၏ dashboard ဘေးရှိ “Marketplace” မီနူးသို့ဝင်ပြီး ရောင်းချမှုများကို ကြည့်ရှုနိုင်ပါသည်။ သင့်အကောင့်ထဲသို့  ငွေကြိုတင်ဖြည့်သွင်းထားနိုင်ရန်အတွက် နောက်တစ်ကြိမ်လေလံမစခင် တစ်ရက်ကြိုတင်၍ ၀ယ်သူထံသို့ အီးမေလ်းပို့ အကြောင်းကြား အသိပေးပေးပါမည်။
  • လေလံဆွဲရန် သင်၏ အွန်လိုင်းပိုက်ဆံအိတ်အတွင်းတွင် သင်လေလံဆွဲမည့် Invoice ပမာဏနှင့်ညီမျှသော (သို့) ပိုမိုသော ပမာဏရှိထားရပါမည်။ အကယ်၍ သင်လေလံဆွဲမည့် invoice တန်ဖိုးမှာ သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀ ကျပ်) ဖြစ်လျှင် သင့်ထံတွင် ထိုပမာဏ (သို့) ပိုသောငွေပမာဏ ရှိရပါမည်။ ၄င်း ပမာဏ မရှိပါက ၀ယ်သူအနေဖြင့် ၀င်ရောက် လေလံဆွဲနိုင်မည် မဟုတ်ပါ။
  • လေလံ၏စိတ်လှုပ်ရှားစရာအချိန်မှာ လေလံပြိုင်ခြင်းဖြစ်ပါသည်။ လေလံဆွဲချိန်အတွင်း အခြားဝယ်ယူသူများနှင့် အပြိုင်အဆိုင်ယှဉ်ပြိုင်ရသည်ဖြစ်ရာ သင်၏လက်ရှိလေလံ အဆိုပြုပမာဏကို အခြားဝယ်သူများမှ ကြည့်ရှုနိုင်ပါသည်။
  • ၀ယ်သူအနေဖြင့် invoice တစ်စောင်အပေါ်တွင် လေလံတင် အဆိုပြုပြီးပါက ၄င်း invoice ၏ တန်ဖိုးငွေတစ်ဝက်ကို လေလံအဆိုပြုငွေအဖြစ် ခေတ္တထိန်းသိမ်းထားမည်ဖြစ်ရာ လေလံမပြီးမခြင်း အခြားလေလံအတွက် ထိုငွေကို အသုံးပြု၍ မရနိုင်ကြောင်း သတိပြုပါ။
  • ၀ယ်သူမှ လေလံနိုင်ခဲ့ပါက KyoPay မှ ထို invoice တန်ဖိုးငွေအပြည့်ကို ၀ယ်သူ၏ အွန်လိုင်းပိုက်ဆံအိတ်အတွင်းမှ နှုတ်ယူလိုက်မည် ဖြစ်ပါသည်။ ၄င်း invoice ကို ၀ယ်ယူသူထံသို့ တရားဝင် (ရောင်းချခြင်းဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ) လွှဲပြောင်းပေးမည်ဖြစ်သည်။ သင်လေလံမအောင်မြင်ခဲ့လျှင် လေလံဆွဲစဉ် ထိန်းသိမ်းထားသော ငွေပမာဏတစ်ဝက်ကို ပြန်လည်သုံးစွဲလို့ရပါမည်။ သင့်အွန်လိုင်း ပိုက်ဆံအိတ်အတွင်း ငွေများရှိနေသရွေ့ နောက်တစ်ကြိမ်လေလံဆွဲရာတွင် ထပ်မံအသုံးပြုနိုင်ပါသည်။
ဝယ်သူတစ်ဦးအနေဖြင့် မည်သည်တို့ကိုဝယ်ယူပါသလဲ?

အဖွဲ့အစည်းလိုက် သို့မဟုတ် တစ်ဦးချင်းဝယ်ယူသူအနေဖြင့် စီးပွားရေး အလားအလာကောင်းပြီး ခိုင်မာစိတ်ချရသော SME လုပ်ငန်းများ၏ invoice များကို ရင်းနှီးမြုပ်နှံခြင်းအားဖြင့် SME လုပ်ငန်းများ၏ လုပ်ငန်းအတွက်လိုအပ်သော ငွေကြေးထောက်ပံ့သူ ဖြစ်လာနိုင်ပေသည်။
ထိုသို့ဝယ်ယူခြင်းဖြင့် SME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေသည့်အပြင် ၎င်း SME ၏များ ၄င်းတို့လုပ်ငန်းအတွက် လိုအပ်သော ရင်းနှီးငွေကို အချိန်ကြာရှည်စွာ စောင့်ဆိုင်းရန် မလိုအပ်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း   ပိုမိုလျှင်မြန်စွာ ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။

Invoice တစ်ခုကို ဝယ်ယူပြီးသည့်အခါ ရောင်းချသူသည် ၄င်း၏ invoice ပိုင်ဆိုင်မှုနှင့်တကွ ဖြစ်ပေါ်လာနိုင်သည့် ငွေပေးချေမှုဆိုင်ရာ နှောင့်နှေးမှုကို ဝယ်ယူသူထံသို့ နှစ်ဦးသဘောတူ စည်းကမ်းချက်များနှင့် (ရောင်းချခြင်းဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များ) တရားဝင်လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငွေပေးချေသူဘက်မှ ညှိနှိုင်းသဘောတူထားသော ငွေပေးချေမှု ရက်ကျော်လွန်ခဲ့လျှင် ၀ယ်ယူသူမှ ငွေပေးချေမှုနှင့် ပတ်သက်၍ ငွေပေးချေသူထံမှ တိုက်ရိုက်ကောက်ခံခွင့် ရှိပါသည်။

Invoice များမှာ တရားဝင်ဖြစ်မဖြစ် မည်သို့သိနိုင်မလဲ?

Invoice များကို အောက်ပါအချက်၃ချက်နှင့် တိုက်ဆိုင်စစ်ဆေးပါသည်။

  • Invoice ရောင်းချသူ၏ ငွေပေးချေသူထံသို့ ဖုန်းခေါ်ဆိုခြင်း (သို့) အီးမေးလ်ပို့ခြင်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းစစ်ဆေးပါသည်
  • Invoice ရောင်းချသူ၏ ငွေပေးချေသူထံသို့ invoice မိတ္တူကို ထပ်မံပို့ဆောင်ပြီး အောက်ပါတို့ကို စစ်ဆေးစေပါသည်။ 
    • (a) Invoice တန်ဖိုး
    • (b) ပေးဆောင်ရမည့် အခွန်အခများ
    • (c) Payment ကောက်ခံမည့်နေ့ရက်
  • Invoice ရောင်းချသူမှ ၄င်းတို့၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် လိုအပ်သော စာရွက်စာတမ်းများကို KyoPay အား ပြသခြင်း (က) ၎င်း၏ ငွေပေးချေသူ နှင့် ချုပ်ဆိုထားသော စာချုပ် (ခ) ၎င်း၏ ငွေပေးချေသူထံမှ အတည်ပြုပေးထားသော Invoice မိတ္တူ (ဂ) client မှဝယ်ယူထားသော ပြေစာ (ဃ) ဝန်ဆောင်မှု/ကုန်ပစ္စည်းများ ပြည့်စုံပြီးစီးကြောင်းအထောက်အထား
ဝယ်ယူသူအနေဖြင့် invoice ဝယ်ယူပြီးသောအခါ ရောင်းချသူ၏အချက်အလက်များကို သိရှိနိုင်ပါသလား?

လေလံဆွဲချိန်တွင် SME လုပ်ငန်း၏ ငွေပေးချေမည့် ကုမ္ပဏီအမည်များကို ပြသထားပါမည်။ ၄င်းအချိန်တွင် ငွေပေးချေမည့်ကုမ္ပဏီနှင့် ပတ်သက်သော အချက်အလက်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် ငွေပေးချေမှု ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု အပေါ်လိုက်ပြီး တွက်ချက်ထားသော အမှတ်များကိုလည်း ပြသထားမည်ဖြစ်သည်။

လေလံစတင်ချိန်နှင့် လေလံဆွဲချိန် မည်မျှကြာပါသလဲ?

မနက်ကိုးနာရီမှစတင်ပြီး နေ့လည် တစ်နာရီတွင် ပြီးဆုံးမည်ဖြစ်သည်။

Invoice တစ်ခုလျှင် ပျမ်းမျှတန်ဖိုး မည်မျှရှိသလဲ?

Invoice တစ်ခုကို ဝယ်သူတစ်ဦးပုံစံဖြင့်သာ ရောင်းချမည်ဖြစ်သည်။ Invoice တစ်စောင်၏ ခန့်မှန်းတန်ဖိုးမှာ မြန်မာကျပ်ငွေ ၁၀,၀၀၀,၀၀၀ မှ ၁၀၀,၀၀၀,၀၀၀ အတွင်းဖြစ်ပါသည်။

လျှော့ဈေးတန်ဖိုးများကို မည်သို့သတ်မှတ်ထားပါသလဲ?

Invoice များကိုလေလံဆွဲရာတွင် ငွေပေးချေမည့် ကုမ္ပဏီများ၏ ငွေပေးချေရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု များ အပေါ်မူတည်ပြီး KyoPay မှ ကြမ်းခင်းဈေးကို ဆုံးဖြတ်ပါသည်။  

ကနဦးလျှော့ဈေးကို ငွေပေးချေမည့်ကုမ္ပဏီ၏ (၁) ငွေကြေးခိုင်မာမှု (၂) ငွေပေးချေရာတွင် ကြာမြင့်သောအချိန် (၃) Invoice၏ ပမာဏတို့အပေါ် မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်သည်။  ငွေကြေးခိုင်မာမှု မြင့်မားလေလေ လျှော့ဈေးပမာဏ ကျဆင်းလေလေဟု မှတ်ယူနိုင်သည်။ အကယ်၍ ငွေပေးချေသူမှ ပေးရန်သတ်မှတ်ထားသည့်ရက်မှ ရက်၃၀ကျော်လွန်၍  ပေးသည်ဖြစ်လျှင် Invoice ငွေပေးချေမှုရက်အပေါ်တွင် ရက်၃၀ ထပ်ပေါင်းထည့်မည်ဖြစ်သည်။ အထက်ဖော်ပြပါ အချက်အလက် အားလုံးတို့အပေါ်မူတည်ပြီး လျှော့ဈေးပေးရန်တွက်ချက်ဆုံးဖြတ်မည်ဖြစ်သည်။

ဝယ်သူမှ Invoice ကို လေးနာရီအတွင်း လေလံဆွဲပြီး Invoice တန်ဖိုး၏ X% နှင့် အနီးစပ်ဆုံး  ပေးနိုင်သူမှ အနိုင်ရရှိမည်ဖြစ်သည်။ 

တွက်ချက်ပုံ ဥပမာ

Invoice ပမာဏ : ၁၀၀,၀၀၀
လစဉ်လျှော့ဈေးပမာဏ : ၃%
ငွေချေရန်နှောင့်နှေးမှုရက်ပေါင်း : ၄၇ရက်
စုစုပေါင်းနှုန်းထား : ၄.၇% (၄၇ရက် x ၃% / ရက် ၃၀)
(ဝယ်သူရရှိမည့်) လျှော့ဈေးပမာဏ : ၄၇၀၀ကျပ်

Invoice များဝယ်ယူရာတွင် ပေးဆောင်ရသော အခြားအခွန်အခများရှိပါသလား?

သင်ဝယ်ယူသောငွေပမာဏ၏ ၂၅%ကို KyoPay ၏ ဝန်ဆောင်ခအဖြစ် ကောက်ခံမည်ဖြစ်သည်။

*ထိုကောက်ခံမှုတွင် ကုန်သွယ်ခွန် ၅% မပါဝင်သေးပါ။

ငွေပေးချေရန် ပျက်ကွက်မှု နှုန်းထား မည်မျှရှိသလဲ?

လက်ရှိအချိန်တွင် ၀.၀၀% ဖြစ်သည်။

ငွေပေးချေမည့် ကုမ္ပဏီများအပေါ်မူတည်ပြီး ငွေပေးချေရန်ပျက်ကွက်မှုနှုန်း မြင့်မားသော invoice များကို KyoPay မှ မရောင်းချပေးပါ။ KyoPay Platform တွင် ငွေပေးချေရန် ပျက်ကွက်မှုနှုန်းမှာ ဘဏ်စနစ်/ဘဏ္ဍာရေးစံ သတ်မှတ်ချက်အတွင်း ရှိနေစေရန် အရေးကြီးပါသည်။ သို့ဖြစ်ပါ၍ Invoice ၏ ငွေပေးချေမှု နှောင့်နှေးပျက်ကွက်မှုနှုန်း များလေလေ လျှော့ဈေး ပမာဏများလေလေ ဖြစ်ပါသည်။

Invoice ဝယ်ယူခြင်းဖြင့် ရရှိသောအမြတ်အပေါ်တွင် အခွန်ကောက်ပါသလား?

Invoice ဝယ်ယူခြင်းဖြင့် ရရှိသောအမြတ်ကို (ဝယ်သူ၏အဓိကဝင်ငွေ )အဖြစ် သတ်မှတ်ခြင်းကြောင့် အခွန်ကျသင့်မှုရှိပါသည်။ KyoPay ၏ ၀င်ဆောင်မှုမှတဆင့် ၄င်း ရရှိသောအမြတ်ကို ဝင်ငွေအဖြစ် အစိုးရသို့ ထုတ်ဖော်တင်ပြရန်မှာ ၀ယ်သူ၏တာဝန်သာ ဖြစ်ပါသည်။ နိုင်ငံသားဖြစ်စေ နိုင်ငံခြားသားဖြစ်စေ KyoPay ၏ ဝန်ဆောင်ခနှင့် ပတ်သက်သော ကုန်သွယ်ခွန်ကို ပေးဆောင်ရမည်ဖြစ်ပါသည်။

Invoice ၏ ပြသထားသော တန်ဖိုးနှင့် စာရွက်စာတမ်းပေါ်မှ Invoice မိတ္တူ၏ တန်ဖိုး ဘာကြောင့် ကွာခြားနေပါသလဲ?

ကွာခြားရသောအကြောင်းအရင်းများမှ

  • ကွာခြားရသောအကြောင်းအရင်းများမှ
  • ကုန်သွယ်ခွန် စသည်တို့ကို invoice ပမာဏမှ နှုတ်ယူပြီး ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှု၏ မူရင်းတန်ဖိုးကိုသာ ဖော်ပြထားသောကြောင့်ဖြစ်သည်။
Client ဘက်မှ Invoice အတွက်ငွေပေးချေမှု ပျက်ကွက်လျှင် မည်သို့လုပ်ဆောင်ရမလဲ?

ထိုသို့ရှားပါးသောပျက်ကွက်မှုများအတွက် KyoPay မှ ဝယ်ယူသူဘက်မှ ကူညီဆောင်ရွက်ကာ ငွေကြေးကို ပြန်လည်ကောက်ခံပေးမည် ဖြစ်သည်။ ငွေကြေးကောက်ခံမှု မအောင်မြင်ပါက ဝယ်ယူသူအနေဖြင့် တရားဥပဒေအရ ဆောင်ရွက်လိုလျှင် KyoPay မှ ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။ Invoice ပိုင်ရှင်အဖြစ် ၀ယ်ယူသူမှာ ငွေပေးချေသူထံမှ ငွေကောက်ခံခွင့်ကို ရရှိပြီးဖြစ်သည်။ ညှိနှိုင်းသတ်မှတ်ထားသောရက်ထက် ရက်၃၀ ကျော်လွန်သည့်တိုင်အောင် ငွေကောက်ခံမရရှိပါက ငွေကောက်ခံခြင်းကိစ္စရပ်ကို KyoPay မှ ၀ယ်ယူသူထံသို့ လွှဲပြောင်းပေးမည်ဖြစ်ကာ ဝယ်ယူသူကိုယ်တိုင် ငွေကောက်ခံမှုကို ဆောင်ရွက်နိုင်ပါသည်။

ထိုသို့ပျက်ကွက်မှုများကို မည်သို့ရှောင်ရှားနိုင်ပါသလဲ?

အခြားရင်းနှီးမြှုပ်နှံမှုများကဲသို့ပင် ဝယ်ယူသူအနေဖြင့် ရင်းနှီးမြှပ်နှံမှုကို အမျိုးမျိုးသော invoice များအပေါ်ခွဲပြီး ဝယ်ယူရင်းနှီးမြုပ်နှံရန် အကြံပေးပါသည်။ အမှတ်ပေးမှုနိမ့်သော invoice များဝယ်ယူရန်စီစဉ်နေလျှင် အမှတ်ကောင်းသော invoice များကိုလည်း ဖြန့်ခွဲဝယ်ယူထားနိုင်လျှင် ပိုကောင်းပါသည်။

ဝယ်ယူထားပြီးသော invoice ကို ပယ်ဖျက် (cancel) လုပ်နိုင်ပါသလား?

Invoice ဝယ်ယူသူကိုယ်စား KyoPayမှ ငွေပေးချေမည့်သူထံမှ ငွေကောက်ခံပေးပါသည်။ Invoice ရောင်းချသူမှ KyoPay အား ငွေကောက်ခံခြင်းနှင့်ပတ်သက်၍ လိုအပ်သော အခွင့်အာဏာလွှဲအပ်ထားပြီးဖြစ်သောကြောင့် KyoPayမှ ရောင်းချသူ၏ ငွေပေးချေသူထံ ဆက်သွယ်ပြီး ဝယ်ယူသူကိုယ်စား ငွေကောက်ခံပေးမည်ဖြစ်ပါသည်။ ငွေကောက်ခံပြီးပါက ရုံးဖွင့်ရက် တစ်ရက်မှ သုံးရက်အတွင်း ဝယ်သူထံသို့ ကောက်ခံရရှိငွေကို ငွေလွှဲပြုလုပ်ပေးပြီး ဖြစ်ပါသည်။

မည်သည့်အချိန်တွင် ငွေပေးချေမှု ပြုလုပ်ပါသလဲ။

Invoice ငွေပေးချေရမည့်ရက်တွင် လိုအပ်သော စာရင်းရှင်းလင်းမှုများ ပြုလုပ်ပြီးသည်နှင့် ငွေ ရရှိပါမည်။

ငွေကောက်ခံမှုကို မည်သူက ဆောင်ရွက်ပါသလဲ?

Invoice ဝယ်ယူသူကိုယ်စား KyoPayမှ ငွေပေးချေမည့်သူထံမှ ငွေကောက်ခံပေးပါသည်။ Invoice ရောင်းချသူမှ KyoPay အား ငွေကောက်ခံခြင်းနှင့်ပတ်သက်၍ လိုအပ်သော အခွင့်အာဏာလွှဲအပ်ထားပြီးဖြစ်သောကြောင့် KyoPayမှ ရောင်းချသူ၏ ငွေပေးချေသူထံ ဆက်သွယ်ပြီး ဝယ်ယူသူကိုယ်စား ငွေကောက်ခံပေးမည်ဖြစ်ပါသည်။ ငွေကောက်ခံပြီးပါက ရုံးဖွင့်ရက် တစ်ရက်မှ သုံးရက်အတွင်း ဝယ်သူထံသို့ ကောက်ခံရရှိငွေကို ငွေလွှဲပြုလုပ်ပေးပြီး ဖြစ်ပါသည်။

ငွေထုတ်ယူလိုပါက မည်သို့ ပြန်လည်ထုတ်ယူနိုင်ပါသလဲ?
  • သင့်အကောင့်ကိုဝင်ပါ
  • ဘေးဘက်ရှိဘားတန်းတွင် “Withdraw” ကိုနှိပ်ပါ။
  • လိုအပ်သောအချက်အလက်များ ဖြည့်စွက်ပါ။
  • “Continue” ကိုနှိပ်ပါ။
  • ငွေထုတ်မှုအောင်မြင်ကြောင်း အတည်ပြုစာတန်းပေါ်လာသည်အထိ စောင့်ဆိုင်းပါ။

 
*တစ်ကြိမ်လျှင် အများဆုံးငွေပြန်ထုတ်နိုင်သည့် ပမာဏမှာ ၁၀၀,၀၀၀,၀၀၀ကျပ် ဖြစ်ပါသည်။ ၁၀၀,၀၀၀,၀၀၀ကျပ်ထပ်ပိုသော ငွေထုတ်မှုအတွက် နောက်တကြိမ်ထပ်မံ ထုတ်နိုင်ပါသည်။
*ဘဏ်လုပ်ငန်းစဉ်အပေါ်မူတည်၍ ဝယ်ယူသူမှ ငွေပြန်လည်ရရှိနိုင်မည့်အချိန်မှာ ရုံးဖွင့်ရက် ၃ရက်အထိ ကြာမြင့်နိုင်ပါသည်။

ငွေကြေးကောက်ခံမှုနှင့် ငွေပေးချေမှုကိစ္စများကို ဥပဒေနှင့်အညီဖြစ်အောင် မည်သို့ဆောင်ရွက်ထားပါသလဲ?

Invoice ရောင်းချသူသည် ၄င်းရောင်းချလိုက်သည့် invoice၏ ငွေကောက်ခံခွင့် နှင့် ၄င်း invoice နှင့် သက်ဆိုင်သော အခြားလုပ်ပိုင်ခွင့်များ ကို KyoPay invoice ကို ဝယ်ယူသူ ထံသို့ လွှဲအပ်ကြောင်း သဘောတူစာချုပ်ကို KyoPay နှင့် ချုပ်ဆိုထားပြီးဖြစ်ပါသည်။

ဝယ်ယူသူအနေဖြင့် Invoice ကို လေလံရရှိပြီးသည်နှင့် တပြိုင်နက် “ရောင်းချခြင်းဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များ” ပါဝင်သော စာရွက်စာတမ်းကို အွန်လိုင်းမှတဆင့် ရရှိမည်ဖြစ်သည်။ အကယ်၍ ဝယ်ယူသူမှ ၄င်းစာရွက်စာတမ်းကို တရားဥပဒေအရ ပိုမိုခိုင်မာအောင် ဆောင်ရွက်လိုပါက KyoPay မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ၄င်း လုပ်ငန်းစဉ်နှင့် ပတ်သက်သော စရိတ်စကကို ဝယ်ယူ

KyoPay Platform မှ မည်သည့် ငွေကြေးအမျိုးအစားကို လက်ခံပါသနည်း?

ယခုလက်ရှိတွင် KyoPay မှ မြန်မာကျပ်ငွေ (MMK) တစ်ခုတည်းကိုသာ လက်ခံပါသည်။ အကယ်၍ သင်ဝယ်ယူမည့် Invoice သည် USD နှင့် တွက်ချက်ထားခြင်းဖြစ်ပါက KyoPay ဘက်မှ Invoice ရောင်းချသူ နှင့် ညှိနှိုင်းပြီး Invoice ၏တန်ဖိုးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေကြေးလဲလှယ်မှုနှုန်းထားနှင့်အညီ မြန်မာကျပ်ငွေ အဖြစ်သို့ ပြောင်းလဲပေးပါမည်။ ၀ယ်ယူသူ အနေနှင့် မြန်မာကျပ်ငွေ နှင့်ပြောင်းလဲသတ်မှတ်ထားသော Invoice ပမာဏကိုဝယ်ယူနိုင်မည်ဖြစ်ပြီး ငွေကြေးလဲလှယ်မှုနှုန်းထား အပြောင်းအလဲသည် ၀ယ်ယူသူအပေါ်တွင် လုံးဝသက်ရောက်မည်မဟုတ်ပါ။ ဆိုလိုသည်မှာ မိမိဝယ်ယူထားသော Invoice ၏ မြန်မာကျပ်ငွေတန်ဖိုးအတိုင်း ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

Annex A

List of Accepted Banks for Bank Transfer