September 8, 2018

နေ့စဉ် အသုံးစရိတ် ချွေတာနိုင်မယ့် နည်းများ


အဲ့တာတွေကတော့

သင် လကုန်တဲ့ရက်တိုင်း လက်ထဲမှာ င့ါ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ၊ ဘာလို့ ပိုက်ဆံ မစုမိတာလည်းဆိုပြီး တွေးနေမိပါသလား? ကျွန်တော် ဘာကြောင့်လည်းဆိုတာပြောပြချင်ပါတယ်။ အခုပြောပြမယ့် အချက်တွေကတော့ ပိုက်ဆံ စုမိဆောင်းမိဖို့ တစ်အားကြီး အားစိုက်ထုတ်စရာမလိုပဲ နေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်တွေထဲကပဲ ပိုက်ဆံကို ချွေတာနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

အဲ့တာတွေကတော့


(က  ) Carpool နည်းလမ်းကို အသုံးပြုပါ။ ကိုယ် ခရီးစဉ်တစ်ကြောင်းကို တစ်ယောက်ထဲ ငှားမယ့် အစား ကိုယ်သွားမယ့် လမ်းကြောင်းချင်း တူတဲ့ ခရီးသည်နဲ့ အတူတူ ငှားခြင်းပဲဖြစ်ပါတယ်။ Carpool ဆိုတာကတော့ ဥပမာ ပြောရရင်  Grab Share လို Feature ကိုအသုံးပြုခြင်းပါ။ အဲ့လိုနည်းလမ်းကို အသုံးပြုခြင်းက ပိုက်ဆံကို ချွေတာ နိုင်မယ့်အပြင် သဘာ၀ ပတ်ဝန်းကျင် ကို ထိန်းသိမ်းဖို့အတွက်ပါ အများကြီး အထောက်အကူပြုပါတယ်။


(ခ) မီးပိတ်ဖို့အတွက်မမေ့ပါနဲ့။ ကျွန်တော်တို့ ယခုခေတ်ကြီးမှာ စွမ်းအင်တွေကို ရှာဖွေတဲ့ နေရာတွေမှာ ယခင်ကထက် ပိုမိုပြီးကောင်းလာပါတယ်။ ဒါပေမဲ့ သင်မီးဖိုချောင်ကနေပဲထွက်တာပဲဖြစ်ဖြစ် အိပ်ရာထဲကနေထလာတာပဲဖြစ်ဖြစ် ဖွင့်ထားတဲ့ မီးတွေကို ပိတ်ဖို့ သတိပေးစာရွက်လေးတွေ ကပ်ထားတာပဲခြင်းက မီတာခကို ချွေတာနိုင်ခြင်းသာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို အထောက်အကူ ပြုစေနိုင်စေပါတယ်။

 


(ဂ) အယ်လ်ကိုဟော ကိုဖြတ်လိုက်ပါ။ တစ်နေကုန် အလုပ် ပင်ပန်းပြီး ညဘက်မှာ ဝိုင်လေးတစ်ခွက်လောက် သောက်လိုက်ရတဲ့ ခံစားချက်ကို တော်တော်များ သဘောကျကြမယ် ထင်ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟော  (အရက်) သောက်မယ်ဆိုရင်တော့ ပိုပြီးတော့ အကုန်အကျ များနိုင်ပါတယ်။ တစ်လစာနဲ့တွက်ရင်တော့ မသိသာပေမယ့် တစ်နှစ်စာနဲ့တွက်လိုက်ရင်တော့ ပိုက်ဆံကို ချွေတာနိုင်တယ်ဆိုတာ သိသာလာပါလိမ့်မယ်။


(ဃ) သင့် Mobile Phone, Desktop, Laptop etc က Brightness ကို အိမ်တွင်ဖြစ်စေ၊ ရုံးလုပ်ငန်းတွင်ဖြစ်စေ အမြင့်ဆုံး မထားထားပဲ သင့်အတွက် အဆင်ပြေလောက်ရုံပဲ ထားထားခြင်းဟာ မီတာခ ကို သက်သာစေရုံသာမက သင့်မျက်လုံး ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။


(င) အိမ်အမိုးကို ဆေးအဖြူရောင် သုတ်ထားခြင်းကလည်း ပိုက်ဆံကိုချွေတာနိုင်တဲ့ နည်းလမ်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။  ရင့်တဲ့အရောင်တွေက ပုံမှန်အားဖြင့်  အရောင်နုတွေထက် ပိုမို စုပ်ယူပါတယ်။ အိမ်တွင်းမှာ အပူချိန်နည်းတော့ အဲယားကွန်းနဲ့ပန်ကာတွေ အတွက်ပါ မီတာခ သက်သာပြီး သဘာဝပတ်ဝန်းကျင်ကို ပါထိန်းသိမ်းရာရောက်သွားတာပေါ့။


KyoPay အကြောင်းမိုပိုသှိလိုပါက www.kyopay.com.mm တွင်ဝင်ရောက်လေ့လာနိုင်သလို info@kyopay.com.mm / 09-898832995 ကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။

KyoPay ၏ premium Funder တစ်ဦးအဖြစ်စာရင်းသွင်းလိုပါက https://platform.kyopay.co/register တွင် Register ပြုလုပ်နိုင်ပါတယ်။

KyoPay အကြောင်းမိုပိုသိရှိလိုပါက www.kyopay.com.mm တွင်ဝင်ရောက်လေ့လာနိုင်သလို info@kyopay.com.mm / 09-898832995 ကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်။