September 18, 2018

Payment များကို အခက်အခဲ အနည်းဆုံးသော နည်းလမ်းများဖြင့် ကောက်ခံခြင်း

(၁) ကြိုတင်မှန်းဆနိုင်သော ငွေပေးချေမည့် နေ့ရက် နှင့် အချိန်သတ်မှတ်ခြင်း

ရောင်းချသူများသည်ယေဘုယျအားဖြင့် ၄င်းတို့၏ ၀ယ်ယူသူများထံမှ သတ်မှတ်ထားသည့် ငွေပေးကာလ - ၁၅ရက်၊ ၃၀ ရက်၊ ၄၅ ရက်၊ ၆၀ ရက်၊ ၉၀ ရက် အစရှိသဖြင့် ငွေပေးကာလ ပြည့် ပြီး မှသာ  ငွေပေးချေမှုများကို ရရှိတတ်ကြပါသည်။ ထိုအခါ ရောင်းချသူ နှင့် ၀ယ်ယူသူများ အကြားတွင် ငွေပေးချေရမည့် နေ့ရက်၊ အချိန် နှင့်ပက်သက်ပြီး သဘောထားကွဲလွဲမှုများ မကြာခဏပေါ်ပေါက်တတ်ကြသည်။ အကြောင်းရင်းမှာ ၄င်းတို့ နှစ်ဦးကြားငွေပေးချေမှုများ ညှိနှိုင်းသည့်အခါ နှုတ်ဖြင့်သာ ပြောထားလေ့ရှိတတ်ကြသောကြောင့်ဖြစ်သည်။ သို့ပါသောကြောင့် ရောင်းချသူများအနေဖြင့် ၄င်းတို့၏ ၀ယ်ယူသူနှင့် အရောင်းအ၀ယ်မလုပ်ခင်ကပင် မိမိတို့၏ ငွေပေးကာလကို ကြိုတင်သတ်မှတ်ထားရန်လိုအပ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ရရှိလာသော အတွေ့အကြုံ တို့အပေါ် မူတည်ပြီး မိမိတို့၏ ငွေပေးချေခြင်း/ ငွေကောက်ခံခြင်း တို့ကို ၃ လတစ်ကြိမ် (သို့မဟုတ်) ၆ လတစ်ကြိမ် အဖြစ် အဆင်ပြေသလို ပြောင်းလဲသတ်မှတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငွေပေးချေမှု ကို ကြိုတင်မှန်းဆနိုင်ခြင်းသည် သင့်လုပ်ငန်းအတွင်း လည်ပတ်စီးဆင်းနေသော ငွေကြေးကို စိစစ်ပိုင်းခြားရန် နှင့် စီမံခန့်ခွဲ ရန် အရေးပါသောကြောင့်ဖြစ်သည်။

ဝင်ငွေလည်ပတ်စီးဆင်းမှု ကို စိစစ်ပိုင်းခြားခြင်း အကြောင်း ပိုမိုလေ့လာရန်>>: http://www.free-management-ebooks.com/dldebk-pdf/fme-cash-flow-analysis.pdf

 

(၂) ငွေကြေးဆိုင်ရာ ၀န်ထမ်းများနှင့် ညှိနှိုင်းနိုင်မှု

သင့်ပတ်ဝန်းကျင်တွင် အောက်ပါကဲ့သို့ ပြောဆိုနေကြခြင်းများကို ကြားဖူးပါသလား?

  • ပိုက်ဆံကလည်း အခုထိ မရသေးဘူး။ ဖုန်းခေါ်နေတာ (၁၀) ကြိမ်မြောက်ရှိပြီ။
  • ကျွန်တော်တို့ ခနနေရင် အကြောင်းပြန်ပါ့မယ်။
  • ကျွန်တော်တို့ ဒီကိစ္စကို ကြည့်ပေးနေပါတယ်။ မကြာခင်ရတော့မှာပါ။

မိမိတို့ဟာ ရရန်ရှိတဲ့ငွေများကို လျင်မြန်စွာ ရရှိနိုင်ဖို့ တစ်ခုသော အခွင့်အရေးမှာ တစ်ဖက်မှ ငွေပေးရန်တာဝန်ရှိသူများနှင့် ဆက်ဆံမှု အဆင်ပြေနေစေရန် အမြဲ ကြိုးပမ်းနေရခြင်းဖြစ်သည်။ ယင်းကဲ့သို့ နှစ်ဦး နှစ်ဖက် ဆက်ဆံရေးကောင်းမွန်မှသာ ငွေပေးသူများအနေနှင့် ၄င်းတို့ ပေးရန်ကျန်နေသော ငွေကို ပေးရန် မိမိတို့ကို ဦးစားပေးဆောင်ရွက် ပေးကြသည်ဖြစ်သည်။  ထို့ကြောင့် ရရန်ရှိသော ငွေများကို အချိန်မှီ လျင်မြန်စွာရရှိရေးသည် မိမိတို့ဘက်မှ ငွေကောက်ခံသူနှင့် ၄င်းတို့နှစ်ဦး ကြား ဆက်ဆံမှု အဆင်ပြေမှု အပေါ်တွင်မူတည်နေသည်။

မြန်မာနိုင်ငံအတွင်းတွင် များသောအားဖြင့် Project တစ်ခုစလုပ်လျှင် Project ကို လက်တွေ့အကောင်အထည်ဖော်ရသော Project Manager များနှင့် ငွေကြေးဆိုင်ရာများကိုင်တွယ်ရသော Finance Officer များအကြား လုပ်ငန်း process ကွာဟမှုများရှိသည်ဟု ယူဆရသည်။ ပုံမှန်အားဖြင့် Finance Officer များမှာ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ငွေပေးချေမှုများကို သာ လုပ်ကိုင်နေကြပြီး Project နှင့်ပက်သက်သော လုပ်ငန်းဆောင်တာများကို မသိရှိကြပါ။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် မိမိသည် Finance Officer တစ်ယောက်မဟုတ်ပါက ငွေပေးချေခြင်း နှင့် ငွေကြေးနှင့်သက်ဆိုင်သော အလုပ်များကို ၀င်ရောက် လုပ်ကိုင်ခွင့် မရှိပါ။ ထို့ကြောင့် Project ကို မစမှီအချိန်ကပင် Project manager နှင့် Finance Officer တို့ကြား ညှိနှိုင်းဆွေးနွေးပြီး အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့၏ငွေကြေးလည်ပတ်မှုကို ပိုမို မြန်ဆန်စွာ ဆောင်ရွက်စေနိုင်ပါသည်။ 

 

(၃) Invoice ဈေးလျှော့ခြင်း

 

မိမိ နှင့် မိမိ၏ Client ကြား ရရန်ရှိသည့် Invoice များကို သတ်မှတ်ထားသည့် အချိန်အတိုင်းငွေပေးချေရန်  သဘောတူညီထားကြပြီးဖြစ်သော်လည်း မိမိအနေနှင့် အရေးတကြီး ငွေလိုအပ်လာသည့်အခါတွင် အဆိုပါ ရရန်ရှိသည့် Invoice ကို အပေါင်ပစ္စည်းအနေနှင့် ထားပြီး ငွေရရှိရန်လုပ်ဆောင်လို့ ရပါသည်။ Invoice Discounting ဆိုသည်မှာ မိမိတို့ရရန်ရှိသော Invoice များကို အပေါင်ပစ္စည်း အဖြစ်ထားပြီး ငွေကို ချက်ချင်းရရှိစေရန် ပြုလုပ်ရသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် သင့်တွင် (၁)သိန်းကျပ်တန် Invoice တစ်စောင် ရရန်ရှိသည်ဆိုပါစို့။ ထို Invoice အတွက် ငွေပြန်လည်ရရှိရန် ရက်ပေါင်း (၆၀) စောင့်ဆိုင်း ရမည်ဖြစ်သည်။ Invoice Discounting တွင် သင့် Invoice (၁)သိန်းကို (၁)သောင်းလျှော့ပြီး (၉) သောင်းနှင့် လက်ငင်းရောင်းချလိုက်သည်။ ထိုအခါ ရရန်ရှိငွေ (၁)သိန်းကို ရက် (၆၀) စောင့်ဆိုင်းမည့်အစား (၃) ရက်အတွင်း ၉၀၀၀၀ ကျပ်ကို ရရှိလိုက်မည်ဖြစ်သည်။

Invoice Discounting အကြောင်းပိုမိုသိရှိလိုပါက http://www.kyopay.com.mm/တွင်အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါသည်။

 

(၄) ညှိနှိုင်းခွင့် ရှိသော Payment Term

 

မိမိတို့၏ Client များနှင့် အဆင်ပြေကောင်းမွန်သော Relationshipတစ်ခု တည်ဆောက်ရန်အတွက် အခြားသောနည်းလမ်းတစ်ခုမှာ အလျော့အတင်းပြုလုပ်နိုင်သော ငွေပေးချေမှုပုံစံ ကို ထားရှိခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် Client များနှင့် အရောင်းအ၀ယ် အသစ်တစ်ခုစတင်တိုင်း Payment Term ကို အမြဲလိုလို ညှိနှိုင်းဆွေးနွေးလေ့ရှိပါသည်။ ထိုအချိန်တွင် Client များသည် Payment Date နောက်ဆုတ်ရန်အတွက် တောင်းဆိုလာသည့်အခါ မိမိတို့ဘက်မှ အဆင်ပြေပြေ တုံ့ပြန်ရန် ပြင်ဆင်ထားဖို့လိုပါသည်။ ယခုလို ပြင်ဆင်ထားခြင်းအားဖြင့် ငွေကောက်ခံခြင်းကို ဘယ်လိုအထောက်အကူပြုနိုင်ပါသလဲ? ယင်းကဲ့သို့ ပြင်ဆင်ထားခြင်းအားဖြင့် Client များအတွက် Payment နောက်ကျခြင်း၊ စောခြင်းတို့ကို မိမိ တို့ ပြင်ဆင်ထားမှုပေါ်မူတည်ပြီး အလွယ်တကူ ညှိနှိုင်းနိုင်မည်ဖြစ်သလို လုပ်ငန်းအတွက် ၀င်ငွေလည်ပတ်စီးဆင်းမှု ကို ကြိုတင်မှန်းဆနိုင်ပြီး လိုအပ်သလို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။

 

 

(၅) နောက်ကျသောငွေပေးချေမှုအတွက် ဒဏ်ကြေး

 

ငွေပေးချေမှုနောက်ကျခြင်းသည် မိမိတို့လုပ်ငန်းအတွက် စွန့်လွှတ်လိုက်ရသော ဆုံးရှုံးမှုများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ အချို့သော ကုမ္ပဏီများတွင် ယင်းကဲ့သို့ နောက်ကျသော ငွေပေးချေမှုအတွက်  ဒဏ်ကြေးများ (သို့) Invoice တစ်စောင်၏ % အလိုက် လျော်ကြေး များကို ပေးဆောင်ရလေ့ရှိသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သက်ဆိုင်ရာ Client များအတွက် ငွေပေးချေမည့်နေ့ရက် မှန်ကန်စေရန် အနုနည်းဖြင့် ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ နောက်ကျသော ငွေပေးချေမှုများအတွက် ဒဏ်ငွေ ပေးဆောင်ရန်သတ်မှတ်ရာတွင် မိမိတို့ဘက်မှ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားစေလိုပါသည်။

(၁) မိမိတို့၏ Client များသည် မိမိပေးလိုက်သော Product/Service ပေါ်တွင် စိတ်ကျေနပ်မှု အပြည့်အ၀ရစေရန် အလေးထား ဆောင်ရွက်ရမည်။

(၂) မိမိတို့အနေနှင့် နောက်ကျကြေးသတ်မှတ်ထားသည်ကို Client များအားလုံးသိစေရန် အသိပေးထားရမည်။ မိမိတို့ပေးပို့လိုက်သော Invoice ပေါ်တွင်လည်း ပေါ်လွင်ထင်ရှားအောင် ရေးထားရန်လိုပါသည်။

(၃) ငွေပေးချေမှု နောက်ကျခြင်း အားလုံးအတွက် နောက်ကျကြေးများကို အမြဲတစေ ပုံသေ မသတ်မှတ်ထားဘဲ အခြေအနေပေါ်မူတည်ပြီး အလျော့အတင်း ပြုလုပ်ပေးရမည်။

(၄) မိမိ၏အတိုးနှုန်းကို မိမိတို့နိုင်ငံ၏ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန် ( တစ်နှစ်လျှင် ၈% - ၁၀% )

 

(၆) ငွေကြေးကောက်ခံခြင်း ကိုယ်စားလှယ် (3rd Party)

 

မိမိတို့သည် ရရန်ရှိသော Invoice များအတွက် ပေးချေမှုများကို စောင့်ဆိုင်းရခြင်း၊ တောင်းခံရခြင်းတို့အပေါ် စိုးရိမ်ကြောင့်ကြနေကြရပါသည်။့ ထိုပြသနာများအတွက် ငွေကောက်ခံခြင်း ကိုယ်စားလှယ်များကို ငှားရမ်းလိုပါသလား? Third Party Collection Agency များရှိ ကျွမ်းကျင်သော ၀န်ထမ်းများသည် Agency ရှိ Legal Team နှင့်ပူးပေါင်းပြီး ကြန့်ကြာနေသော Payment များအတွက် တောင်းခံခြင်း၊ ကောက်ခံခြင်းများကို ကိုယ်စား ဆောင်ရွက်ပေးပါသည်။ အဆိုပါနည်းလမ်းသည် မိမိတို့၏ ရင်းနှီးသော Client များနှင့် Relationship ကို ထိန်းသိမ်းရန်အကောင်းဆုံး နည်းလမ်းမဟုတ်သော်လည်း မိမိတို့ဆက်ဆံရခက်သော Payment နောက်ကျတတ်သော Client များအတွက် အထူးပင်သင့်တော်ပါသည်။ သို့သော်လည်း Agency များကို သုံးခြင်းအတွက် အားနည်းချက်တစ်ခုမှာ Agency Fees ကို မြင့်မားစွာကောက်ခံခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ ရရန်ရှိသည့် ငွေပမာဏမှာ လျော့နည်းသွားတတ်ပါသည်။

 

(၇) စောစီးစွာ ငွေပေးချေမှုများအတွက် ခံစားခွင့်များ

 

အထက်တွင်ဖော်ပြထားပြီးဖြစ်သော နောက်ကျသောငွေပေးချေမှုများအတွက် ဒဏ်ကြေးကောက်ခံသကဲ့သို့ စောစီးစွာ ပေးချေမှု အတွက်လည်း ခံစားခွင့်များပေးသင့်ပါသည်။ ဥပမာအားဖြင့် အောက်ပါကဲ့သို့ အဆင့်များသတ်မှတ် ထားနိုင်ပါသည်။

အဆင့် (၁) - ၁၅ ရက် စောပြီး ပေးချေမှုများအတွက် - 2% Discount

အဆင့် (၂) - ၁၀ ရက်စောပြီး ပေးချေမှုများအတွက် - 1.5% Discount

အဆင့် (၃) - ၅ ရက်စောပြီး ပေးချေမှုများအတွက် - 1% Discount

 

ထို့အပြင် အခြားသော နည်းလမ်းများမှာ မိမိတို့ အနေနှင့် လက်ဆောင်များ၊ အပိုပစ္စည်းများ၊ နောက်ထပ်တင်မည့် Order များအတွက် လျော့ဈေး စသဖြင့် အဆင်ပြေသလို ဆောင်ရွက်ပေးနိုင်ပါသည်။

 

(၈) ငွေပေးချေမှုများအတွက် စီမံမည့်သူ ထားရှိခြင်း

 

မိမိတို့အနေနှင့် မိမိတို့ ရရန်ရှိသည့် ငွေပေးချေမှုများ စီမံမည့် အဖွဲ့ ကို ကုမ္ပဏီအတွင်းဖွဲ့စည်းထားခြင်းအားဖြင့် ငွေကောက်ခံခြင်းကို ပိုမို လွယ်ကူစေပါသည်။ အဆိုပါ ဖြစ်စဉ်အတွက် ၀န်ထမ်းများထပ်မံ လိုအပ်မည်ဖြစ်သော်လည်း ငွေကောက်ခံခြင်းကို ပိုမိုလွယ်ကူစေရုံသာမက မိမိတို့ Client များနှင့် Relationship ကို ကောင်းမွန်စေရန် အလေးထားဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့သော်လည်း မိမိတို့သည် အဆိုပါ အဖွဲ့ ကို မဖွဲ့စည်းမှီ ကုန်ကျစရိတ် နှင့် ရလာမည့်အကျိုးကျေးဇူးများကို ကြိုတင်ချိန်ဆ ထားသင့်ပါသည်။

အဖွဲ့ကိုဖွဲ့စည်းရာတွင် အောက်ပါအတိုင်း နှစ်မျိုး နှစ်စားခွဲပြီး ဖွဲ့နိုင်ပါသည်။

(၁) Soft Collection Reminders (Payment ရမည့်ရက် မတိုင်မှီ ၅-၁၀ ရက်အလို)

(၂) Hard Collection Reminders ( Payment ရမည့်ရက် ကျော်လွန်ပြီး၊ ဒဏ်ကြေးများတွက်ချက်ခြင်း/ နေ့စဉ် ဆက်သွယ်ခြင်း)