August 28, 2018

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ

IMF မှ အာရှရဲ့ "Final Frontier" လို့ သတ်မှတ်ခြင်းခံထားရတဲ့ မြန်မာနိုင်ငံတွင် လူဦးရေ သန်း၆၀ ကျော်ရှိပြီး GDP တိုးတက်မှုနှုန်းသည်လည်း နှစ်စဉ် ၇% မှ ၈ % တိုးတက်နေပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိမှာတော့ စားသုံးသူဈေးကွက်ဟာ နုနယ်နေသေးပြီး အခြေခံ လူသုံးကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကို ရောင်းချသူတွေအတွက်တော့ ဈေးကွက်အတွင်း အလားအလာကောင်းများစွာရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ပထဝီဝင်အနေအထားအရ တရုတ်၊ အိန္ဒိယ ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် ထိစပ်လျက်ရှိသလို ASEAN အဖွဲ့ဝင်တွေဖြစ်တဲ့ ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံတွေကလည်း လူပေါင်း သုံးဘီလျံကျော်ရှိတဲ့ ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ရန် အထောက်အပံ့ ပေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့သယံဇာတတွေဟာ နိင်ငံတကာ ရင်နှီးမြှပ်နှံမှုများစွာကို ဆွဲဆောင်လျက်ရှိနေပြီး အထူးသဖြင့် ရေနံဆီ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်နေပါတယ်။ နိုင်ငံအတွင်း ကာယလုပ်သားများ၏လုပ်ခလစာ နိမ့်ပါး နေဆဲဖြစ်သော်လည်း တိုးတက်လာတဲ့ နည်းပညာတွေ ၊ စက်မှုလုပ်ငန်းများ နှင့် အတူ ကုန်ထုတ်စွမ်းအားတွေ မြှင့်တက်လာနိုင်တယ် လို့ခန့်မှန်းရပါတယ်။ ဒီအချက်တွေကဘဲ မြန်မာနိုင်ငံကို ပြည်ပပို့ကုန် ထုတ်လုပ်ခြင်း အတွက် အလေးထားစရာ နိုင်ငံအဖြစ် နိုင်ငံတာကာရဲ့စိတ်ဝင်စားမှုကို ရရှိစေခဲ့ပါတယ်။
မြန်မာနိုင်ငံအစိုးရ အနေနဲ့ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အရေးပါတဲ့ ကဏ္ဍလေးခု ရှိတယ်လို့ပြောကြားထားပါတယ်။ အဲ့တာတွေကတော့ Telecom, Banking, Energy နဲ့ Major Infrastructure တွေပဲဖြစ်ပါတယ်။  အဲ့လေးခုအပြင် အခြားအရေးပါတဲ့ လုပ်ငန်းတွေကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နဲ့ ဈေးကွက်သုတေသန လုပ်ငန်းတွေပဲဖြစ်ပါတယ်။

(1)    Telecom လုပ်ငန်း

မြန်မာနိုင်ငံအတွင်း လူဦးရေ သန်း  ၆၀ မှာ ၁၀  ရာခိုင်နှုန်းကသာ မိုဘိုင်းဖုန်း အသုံးပြုနေကြပြီး Mobile Market အတွင်းမှာ ဈေးကွက်အခွင့်အလမ်း များစွာကျန်ရှိနေပါသေးတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအစိုးရဟာ  Telecommunication ကဏ္ဍတွင် လွတ်လပ်ခွင့်များ ပိုမိုပေးလာကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကလည်း  ပြည်တွင်းက ICT ( Information and Communication Technology) လုပ်ငန်းရှင်များနှင့် Joint Venture အကျိုးတူပူူးပေါင်းဆောင်ရွက်ခြင်းကို ပိုမိုအားပေးလာတာကို တွေ့မြင်နိုင်ပါတယ်၊
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှာ အရပ်သား အစိုးရတက်လာကာ ပြောင်းလဲမှုများကို လုပ်ဆောင်ပြီးနောက် အင်တာနက်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို ပြည်သူတွေ အနေနဲ့ ပိုမိုကျယ်ပြန့်စွာ  အသုံးပြုခွင့် ရရှိလာပါတယ်။ ဆမ်ဆောင်းကုမ္ပဏီကတော့ မိုဘိုင်းဖုန်းများ၊ တက်ဘလက်၊ ကွန်ပျူတာ နှင့် ရေခဲသေတ္တာ ဖြန့်ဖြူးရေးများတွင် ဈေးကွက်ဦးဆောင် သူအနေနဲ့ရှိနေပါတယ်။ 

(2)    Banking လုပ်ငန်း

မြန်မာနိုင်ငံအစိုးရအနေနဲ့ ဘဏ်လုပ်ငန်းများပိုမိုတိုးတက်လာစေရန်ပြောင်းလဲမှုများကိုလုပ်ဆောင်နေပြီးတော့ ပြည်တွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ အမြောက်အမြား ချိတ်ဆက်ကာ Joint Venture များဖြစ်လာစေရန် အထောက်အပံ့ပေးလျက်ရှိနေပါတယ်။ 

(3)    Energy and Resources

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အခုချိန်မှာတော့ လျှပ်စစ်မီး မရရှိနိုင်ကြသေးဘဲ တိုးပွားလာတဲ့ လူဦးရေနှင့် အတူ လျှပ်စစ်မီး အလုံအလောက် သုံးစွဲနိုင်ရေးဟာလည်း မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။  အစိုးရအနေနှင့်လည်း ထိုအခြေအနေများကို စီမံကိန်းများဖြင့်တိုးတက်ပြောင်းလဲ လာစေရန်လုပ်ဆောင်လျက်ရှိပါတယ်။


ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် သင်စိတ်ဝင်စားပါသလား

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများစွာထဲက တစ်ခုဖြစ်တဲ့ KyoPay ရင်းနှီးမြှုပ်နှံမှုတွင်တစ်ချက်လောက် လေ့လာကြည့်လိုက်ပါ။ KyoPay ဆိုတာကတော့ လျင်မြန်လွယ်ပြီး လုံခြုံစိတ်ချရသောနည်းလမ်းဖြင့် မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းများ ငွေကြေးစီးဆင်းမှု အရှိန်အဟုန်မြင့်တင်စေရန်အတွက် Receivable Invoices များကို အွန်လိုင်းမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံသူများထံသို့ ရောင်းချနိုင်အောင် စီစဉ်ထားသော ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဝင်ငွေ စီးဆင်းမှု လျှင်မြန်စေရန်အတွက် ရင်းနှီးမြှုပ်နှံလိုသူလုပ်ငန်းရှင်နှင့် စီးပွားရေး လုပ်ငန်းများအကြား ချိတ်ဆက်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ KyoPay  အကြောင်း ပိုမိုသိရှိလိုပါကလည်း 09- 898832995 သို့မဟုတ် info@kyopay.com.mm ကိုဖြစ်စေ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
Source: British Chamber of Commerce Singapore