May 31, 2019

KyoPay Technologies မှ စက်မှုဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

(ကုမ္ပဏီ၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို Invoice Discounting နည်းလမ်းအသုံးပြု၍ KyoPay Online Platform ထောက်ပံ့ကူညီမှုဖြင့် မြန်ဆန်အောင်ပြုလုပ်ခြင်း)

ရန်ကုန်၊ မြန်မာ (ဇွန် ၁၈၊ ၂၀၁၉) ။     ။ စက်မှုဝန်ကြီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန သည် Kyopay Technologies နှင့် ပူးပေါင်းကာ လစဉ်ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲများ၏ ပထမဆုံး သော ပွဲစဉ်တစ်ခုအဖြစ် မေလ ၃၁ ရက်နေ့ ၂၀၁၉ ခုနှစ် နံနက် ၉း၃၀ မှ ၁၁း၀၀ နာရီအထိ ကျိုက်ဝိုင်း  ဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့် ရန်ကုန် SME Development Centre တွင် ‘Using Invoice Discounting To Support Your Company’s Cash Flow” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့စိတ်ပါဝင်စားသော မြန်မာပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှ လုပ်ငန်းရှင် ၈၀ကျော်တက်ရောက်ခဲ့ပါသည်။

‘ကျွန်မတို့အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက စက်မှှုဝန်ကြီးဌာန၊ SME Development Centre ကို စတင်တည်ထောင်ခဲ့ပြီး နည်းဥပဒေမူဝါဒများရေးဆွဲခြင်း၊ စနစ်တကျ သုသေသနများပြုလုပ်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံခြားရှိ စီးပွားရေးနည်းနမူနာများဖြင့် မြန်မာနိုင်ငံတွင်းရှိ SME လုပ်ငန်းရှင်များအတွက် လိုအပ်သော ဖွံဖြိုးရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်’ဟု အဆိုပါဆွေးနွေးပွဲ၌ စက်မှု ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ နည်းပညာနှင့်ဈေးကွက်မြှင့်တင်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေစင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက်၊ Kyopay Technologies Co., Ltd ၏ Chairman ဖြစ်သူ ဦးတင်မောင်လေး မှ ကျေးဇူးတင်စကားစကားပြန်လည်ပြောကြားခဲ့သည်။

၎င်းနောက် Kyopay Technologies Co., Ltd ၏ Business Development Manager ဦးကောင်းထက်နိုင်မှ MSME လုပ်ငန်းများ ကြုံတွေ့နေရသည့် ငွေကြေးလည်ပတ်မှုဆိုင်ရာ အခက်အခဲ များနှင့် ၎င်းအခက်အခဲများအတွက် Kyopay Technologies မှ ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သောငွေကြေးကို အလွယ်တကူရရှိနိုင်ခြင်း၊ အချိန်တိုအတွင်းငွေကြေးရရှိနိုင်ခြင်း၊ ဝယ်သူများအနေဖြင့် Invoice ဝယ်ယူရာတွင်လေလံစနစ်ဖြင့် ဝယ်ယူရခြင်းဖြစ်သောကြောင့် သတ်မှတ်ထားသော နှုန်းထား ထက်သက်သာသော လျော့ဈေးဖြင့် ရောင်းချနိုင်ခြင်းများအပြင် ငွေကြေးလည်ပတ်မှုတွင် အထောက်အကူပြုစေမည့် နည်းလမ်းကောင်း အခွင့်အလမ်းကောင်းများ ရရှိခဲ့ပါသည်။

Kyopay Technologies ၏ Online Platform တွင် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းတစ်ခုမှ တစ်ခုသို့ ကုန်ပစ္စည်းများရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှှုများပံ့ပိုးခြင်း စသည့်တို့ကို လုပ်ဆောင်နေသော လိုင်စင်ရကုမ္ပဏီများ စာရင်းသွင်းအကောင့်ဖွင့်လှစ်နိုင်ပါသည်။ Kyopay Technologies Co.,Ltd မှ Retail, Logistics, Service Agencies, PR / Marketing Agencies, နှင့် Telecommunications စသည့်လုပ်ငန်းများကို ကူညီထောက်ပံ့လျှက်ရှိပါသည်။